နိုင်ငံခြား ဘာသာစကားကို ဘယ်လိုသင်ယူ လေ့လာကြမလဲ

  ကျွန်တော်တို့ သင်္ချာတွေ၊ နက္ခတ်ပညာတွေ နဲ့ အခြားသော ဘာသာရပ်တွေ လေ့လာသလိုပါပဲ နိုင်ငံခြား ဘာသာစကားတွေ လေ့လာသင်ယူတဲ့အခါ တစ်စတစ်စနဲ့ စုဆောင်းထားရပါတယ်။ မိမိယခင်က သင်ကြားခဲ့တဲ့ ဗဟုသုတတွေအပေါ်အခြေခံ၍ လက်ရှိကာလသင်ကြားရေးတွေမှာ တိုက်ရိုက် အထောက် အကူပြုစေ တာအမှန်ပါပဲ။ သင့်အနေနဲ့ တစ်စိုက်မတ်မတ်ကြိုးစား အားထုတ်မှု မလုပ်ဘူး၊ စာတွေကိုလည်း လေ့လာလိုက်စားမှုမလုပ်ဘူး ဆိုရင် ဘာသာစကား ကိုစနစ်တကျ သင်ကြားရာမှာ လိုအပ်တဲ့ ခြေခံအုတ်မြစ် တွေကို တိုးတက်လာအောင် လုပ်နိုင်မှာမဟုတ်ပါ။ သင့်အနေနဲ့ နိုင်ငံခြားဘာ သာစကားတွေလေ့လာတဲ့အခါ နေ့စဥ်နဲ့အမျှ သင်ယူရတဲ့ သင်ခန်းစာတွေအပေါ်မှာ အတတ်နိုင်ဆုံး လိုက်ပါသင်ယူဖို့လည်းအရေးကြီးပါတယ်။ အောက်ပါဖော်ပြမယ့် အကြောင်းအရာ တွေကတော့ ဘာသာစကားလေ့လာတဲ့အခါတိုင်း မပါမဖြစ်တဲ့ ကဏ္ဍကြီး (၄)ခု (အရေး၊ အဖတ်၊ အပြော၊ နားထောင်ခြင်း) …